Courses and Outcomes
Course duration (သင်တန်းတစ်ခုကြာချိန်)
- အတန်းတစ်ခုသည် အချိန် 2 လ သင်ယူရပါသည်။ Level တစ်ခုဆီ ကြေညက်ပြီး ပိုင်ပိုင်နိုင်နိုင်ရှိဖို့အတွက် ကျောင်းသားတစ်ဦး၏ အားသွင်ခွန်စိုက်သင်နိုင်စွမ်းပေါ်မူတည်ပြီး 2 လ မှ 4 လထိ သင်ယူရပါသည်။
- သင်တန်းချိန်မှာ တစ်ပတ်ကို 6 နာရီ၊ course တစ်ခုလုံး Face to Face သင်ကြားချိန် 48 နာရီ သင်ပေးပါသည်။
Level တစ်ခုဆီပြီးတိုင်း ဘာတွေထူးခြားလာမလဲ
- Beginner နှင့် Elementary ပြီးသွားတာနဲ့ နေ့စဉ်သုံးစကားများ နားလည်ပြီး မေးနိုင် ပြောနိုင်ပါသည်။
- Pre Intermediate ထိပြီးပါက အခြေခံ ကောင်းမွန်စွာ ပိုင်နိုင်ပြီး၊ ပြောနိုင်ဆိုနိုင် တော်တော်ရှိပါမည်။ Pre-Intermediate Level ပြီးသည်နဲ့ Duolingo test၊ TOEIC Test ကျင့်ပြီးဖြေချင်ပါက အဆင်ပြေပါမည်။
- Upper Intermediate ထိရောက်ရှိပါက ခေတ်နဲ့အညီ Topic များကို ဆွေးနွေးတင်ပြနိုင်မည်။ Original English Book များ၊ Website Article များကို ဖတ်နိုင် ဝေဖန်သုံးသပ်နိုင်ပါသည်။
တခြားဘာ Skills တွေ ရပါသလဲ
English Skills ကို ယုံကြည်စွာ လက်တွေ့ အသုံးပြုနိုင်တဲ့အပြင် SLD မှ သင်တန်းသူ/သားများသည်
- ICT Skills — နည်းပညာဆိုင်ရာ အသုံးပြုနိုင်မှု
- Critical thinking and analytical thinking skills — ကြိုးကြောင်းစဉ်းစား တွေးခေါ်နိုင်မှု
- Creativity — တီထွင်ကြံဆနိုင်မှု
- Problem-solving skills — ပြဿနာဖြေရှင်းနိုင်မှု
- Leadership & Teamwork — ခေါင်းဆောင်နိုင်မှု၊ အများနဲ့အတူ ပူးပေါင်းဆောင်ရွက်နိုင်မှု
- Critical Reading — နက်နက်နဲနဲ ဝေဖန်စာဖတ်တတ်ခြင်း
- Effective Speaking and Writing — ထိထိရောက်ရောက် လှလှပပ ပြောဆိုရေးသားတတ်ခြင်း
- Wide range of rich vocabularies and sentence varieties — ဝေါဟာရကြွယ်ခြင်း၊ သဒ္ဒါကျကျ စာကြောင်းလှများ ရေးတတ်ခြင်း
- Pronunciation အသံထွက်အပြင်၊ အင်္ဂလိပ်စကား၏ အခြေခံအသံထွက်များ နားလည်ခြင်းတွေပါ သိသိသာသာ တိုးတက်စေပါတယ်။
လူကြီးတန်း နဲ့ Teen Courses တွေ ဘာကွာသလဲ?
Level ခွဲပုံ၊ Course တည်ဆောက်ပုံ အခြေခံအားဖြင့် တူညီသော်လည်း ဆယ်ကျော်သက်များ လေ့ကျင့်သင်ယူရမယ့် skills တွေနဲ့ လိုအပ်တဲ့ content တွေ ကွာပါတယ်။ လူကြီးများနဲ့ သင်ယူမှုပုံစံလည်း ကွာတာကြောင့် သင်ကြားရတဲ့ approach တွေလည်း ကွာပါတယ်။
- Researching — စူးစမ်းရှာဖွေရခြင်း
- Note taking — မှတ်စုရေးသားခြင်း
- Reading Techniques — စာဖတ်နည်းများ
- Presentation & Discussion — တင်ပြဆွေးနွေးခြင်း
- Questioning — မေးခွန်းမေးခြင်း
- General Knowledge — အထွေထွေဗဟုသုတ
- Using Technology and digital skills — နည်းပညာအသုံးပြုတတ်မှုတို့ကိုပါ တိုးတက်စေရန် မွမ်းမံသင်ကြားပေးပါတယ်။
Extra-Curricular Activities (အတန်းစာအပြင် Teens များလိုအပ်မည့် activity များ ပံ့ပိုးလုပ်ဆောင်ပေးခြင်း)
- မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးတက်စေရန် Workshops နဲ့ Activities များအပြင် emotional, mental well-being တို့ကိုပါ အမြဲ ဂရုတစိုက် ပံ့ပိုးမှုတွေ ပြုလုပ်ပေးပါတယ်။
- သင်ရိုးညွှန်းတန်း Oxford University Press, Cambridge University Press, နှင့် National Geographic တို့မှ ထုတ်တဲ့ နောက်ဆုံး update အဖြစ်ဆုံး Course Books တွေကို အသုံးပြုပြီး သင်ကြားပါတယ်။
စာသင်အထောက်အကူပြုများ
Lesson တစ်ခုစီကို Online ကနေ သင်ယူတဲ့အခါ လွယ်ကူ စနစ်တကျ ရှိစေရန် အသေအချာ ပြင်ဆင်ပြီး ပို့ချပါတယ်။ စာအုပ်ကို ebook တွေ ပေးပါတယ်။ စာအုပ် ထပ်ဝယ်စရာမလိုအပ်ပါ။
Last modified: Thursday, 2 July 2026, 1:02 AM
